logo

မျိုးစေ့ဆားရည်စိမ်ခြင်း

 မျိုးစေ့ဆားရည်စိမ်ခြင်း

ကြီးထွားမှုအဆင့်- ပြင်ဆင်ချိန်ကာလ

  • ဆားပျော်ရည်ပြင်းအား (၁.၀၈) ရရန် ရေ၁၀ လီတာ (သို့) ၂.၂ ဂါလံ နှင့် အိမ်သုံးဆား ၁ ပိဿာရောစပ်ရမည်။

  • မျိုးစပါး ၁ တင်း စိမ်ရန်အတွက် ရေ ၈ ဂါလံတွင် ဆား ၄ ပိဿာ ဖြင့်ဖျော်နိုင်သည်။

  •  ရေပမာဏတိုးတိုင်း ဆားပမာဏကို အချိုးကျတိုးပါ။

  • ဆားဖျော်ရည်တွင် လတ်ဆတ်သောကြက်ဥ အစိမ်းတလုံးကိုထည့်လိုက်ပါက ဒေါင်လိုက်အနေအထားဖြင့် ၄ ပုံ ၁ ပုံခန့်ပေါ်နေလျှင် ဆားရည်အနေတော်ဖြစ်သည်။

  • ဆားရည်တွင် မျိုးစပါးကိုထည့်ပြီး ၅ မိနစ်ခန့်မွှေပေးပါ။ ရေပေါ်တွင် ပေါ်လာသော အဖျင်း၊ အမှော်၊ လုံးပိန်လုံးညှပ်နှင့် ပေါင်းစေ့များကို ဇကာဖြင့်ဖယ်ရှားပါ။

  • အနယ်ထိုင်နေသော အောင်မြင်သည့် စပါးစေ့များကိုဆယ်ယူပြီး ဆားဓါတ်ကုန်သည်အထိ ရေဖြင့် ၃ ကြိမ်ခန့်ဆေးပါ။