အစာတောင့်များကို ဖြေးဖြေးချင်းလက်ဖြင့် ပက်ဖျန်းကျွေးနိုင်သည်။ အစာကျွေးဗန်းဖြင့်လည်း ရေအောက်မြုပ်ကျွေးနိုင်သလို အလိုအလျောက်အစာကျွေးစက်ဖြင့်လည်း ကျွေးနိုင်သည်။ ရေတိမ်သောနေရာတွင်လည်း အစာချ၍ ကျွေးနိုင်သည်။