logo

ဆီလီကွန်ဓါတ်ချို့တဲ့ခြင်း (Si)

 ဆီလီကွန်ဓါတ်ချို့တဲ့ခြင်း (Si)

ဆီလီကွန် ချို့တဲ့လျှင် အရွက် ၊ အပင် နှင့် အမြစ်များ သန်မာမှု လျော့နည်းစေသည်။ အပင်ဆဲလ်များ ၏ အပြင်ဖက်နံရံများ ပါးလွှာ စေသဖြင့် မှို၊ ဘက်တီးရီးယားစသည့် ရောဂါများ၊ ပိုးမွှားများ အလွယ်တကူကျရောက်စေနိုင်သည်။

ဆည်ရေသောက်စပါးခင်းများတွင် တွေ့ရှိရခြင်းနည်းတတ်သော်လည်း၊ မြေတွင်းအာဟာရဓါတ်အလွန်နည်းသော မြေနှင့်  ပျက်စီးနေသောမြေများတွင် ဆီလီကွန်ချို့တဲ့မှုတွေ့ရတတ်သည်။ ထို့အပြင် ဆီလီကွန်ပါဝင်မှုနည်းသော သစ်ဆွေးမြေများ၊ အပူပိုင်းဒေသရှိ ရာသီဥတုတိုက်စားမှုဒဏ်ခံရမှုများသော မိုးကောင်းသောက်လယ်နှင့် ယာစပါးကွက်များတွင်လည်း ဖြစ်တတ်သည်။  

အပင်သက်တမ်းတလျှောက်လုံးအတွက် အရေးကြီးသည်။ ဆိုးဝါးစွာချို့တဲ့လျှင် အနှံအရေအတွက် နှင့် အောင်စေ့ အလွန်နည်းစေသည်။ အပင်များယိုင်လဲလွယ်သည်။

လက္ခဏာများ

အစာချက်လုပ်မှု နှေးကွေး၍ အနှံများဖြစ်ထွန်းမှု နည်းသည်။ စပါးဂုတ်ကျိုးရောဂါ နှင့် ရွက်ညိုပျောက်ရောဂါများ အလွယ်တကူဝင်ရောက်ပြီး ဆိုးဝါးစွာ ကျရောက်စေနိုင်သည်။ အပင်ပျော့၍ အရွက်များ ငိုက်နေသဖြင့် အပင်များ အပြန်အလှန် အရိပ်ထိုးနေစေသည်။

ပြုပြင်ရန်နည်းလမ်း

ရေရှည်တွင် စီလီကွန်ဓါတ်မချို့တဲ့စေရန် ကြိုတင်ကာကွယ်သောအားဖြင့် စပါးရိတ်သိမ်းပြီးနောက်  ရိုးပြတ်များကို ချန်ထားကာ ထယ်ထိုးမြေမြှုပ်ပေး ခြင်းဖြင့် စီလီကွန် ၅-၆ % နှင့် စပါးခွံများထည့်ပေးခြင်းဖြင့် စီလီကွန် ၁၀% ရရှိစေသည်။

စပါးခွံများကို မီးသွေး (သို့) ဖွဲပြာ ပြုလုပ်ပြီးထဲ့ပေးခြင်းဖြင့် စီလီကွန် ကြွယ်ဝစေသည်

နိုက်တြိုဂျင် မြေသြဇာအလွန်အကျွံ ကျွေးခြင်းမှ ရှောင်ကျဥ်ပါ

ရနိုင်ပါက သစ်ဆွေးမြေ (peat soil) ကို မြေသားပျက်စီးယိုယွင်းနေသော စပါးခင်းများတွင် တဟက်တာလျှင် ၁-၃ တန် ခန့် ပုံမှန်ထည့်ပေးပါ